ကေအမ်ဂျီ၏ အမြဲတမ်းအကြံပေးပုဂ္ဂိုလ် ဆရာဆလိုင်းအိုက်ဇက်ခင် ကမ္ဘော့ဒီးယားနိုင်တွင် အစည်းအဝေးတက်ရောက်နေ

Wednesday, July 11, 20120 မှတ်ချက်

ရန်ကုန်၊ ဇူလိုင် ၁၁။
ကေအမ်ဂျီ၏ အမြဲတမ်းအကြံပေးပုဂ္ဂိုလ် ဆရာဆလိုင်းအိုက်ဇက်ခင် နှင့်မြန်မာကိုယ်စားလှယ်အချို့တို့သည် ယနေ့မနက် ၁၀ နာရီ လေယဉ်ဖြင့် ကမ္ဘော့ဒီးယားနိုင်တွင် ကျင်းပပြုလုပ်မည့် regional meeting on policy dialogue on gender equality and women's empowerment သို့တက်ရောက်ရန် ထွက်ခွါသွားခဲ့သည်။ ကေအမ်ဂျီ၏ အမြဲတမ်းအကြံပေးပုဂ္ဂိုလ် ဆရာဆလိုင်းအိုက်ဇက်ခင်သည် မြန်မာ့ ကျန်းမာရေးဝန်ကြီးဌါန၏ ကိုယ်စားလှယ်တော်များအဖွဲ့ဝင်တစ်ဦးအဖြစ် ယခုအစည်းအဝေးသို့တက်ရောက်ခြင်းဖြစ်သည်။

Cambodia တွင်သုံးရက်နေထိုင်ပြီး လာမည့်စနေနေ့တွင် ရန်ကုန်သို့ပြန်လာမည်ဖြစ်သည်။ GDI ရုံးတွင်ပြုလုပ်မည့် ဇူလိုင်လ ကေအမ်ဂျီအမှုဆောင်များ လစဉ်ပုံမှန်အစည်းအဝေးတွင်လည်း အမှုဆောင်များ၏ တောင်းဆိုချက်အတိုင်း အမှာစကားပြောကြားသွားမည် ဟုလည်းသတင်းရရှိသည်။

ခူမီးလူမျိုးတစ်ဦးဖြစ်သူ ဆရာ့အား နိုင်ငံ့ကိုယ်စားလှယ်တစ်ဦးအနေအဖြင့်ပင် ပြည်ပခရီးသွားရောက်နိုင်ခြင်းအတွက် ခူမီးလူမျိုးများအတွက် များစွာဂုဏ်ယူမိပါကြောင်း ကေအမ်ဂျီမှ ဂုဏ်ပြုပြောကြားလိုပါသည်။

Peter LawiLu
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger