တောင်စိုပန်း

Wednesday, July 11, 20120 မှတ်ချက်


သစ်ခွအုံ ငုံခိုင်သေး
ထုံကြိုင်မွှေးဝေဖြာ
စုံမြိုင်ထဲ ဗွေဝနာမှာ
ဝေဆာဆာတင့်ဆန်း…။
စိမ်းမြမြ၀တ်လွှာညို
ပန်းတောင်စို ခေါ်ဆိုသည့်ပန်း။
ထူးဆန်းလို့ရှားခေါင်။
ကားတောင်မှာ ပွင့်လန်း
လနိုဝင်ဘာ ကြိုင်ကာလန်းလို့
နယ်တစ်ဝှမ်း ရှိပါ့ထင်။
ပန်းခင်သူလာလူတို့
ရှာယူလို့ အိမ်သို့သယ်ဆောင်
ဖူးပွင့်လို့ ဝေဆာအောင်။
သေချာနှောင်ချည်ကာ ပျိုးပါစို့
ပန်းမျိုးစစ် မွေးထုတ်ပေ
ဖူးပွင့်ပါစေ ပြည်ရွာအနှံ့ထုံကြိုင်မွှေး။


နှစ်နည်းငယ် ပွင့်စစ်ဝေသည်
ကြာလေလေ မျိုးပြောင်းလို့
စိုက်ပျိုးရေးနည်းပညာမှာ
ဝတ်ဆံမှုံကူးပုံပြောင်းထင်လေး။

ဝေလျှံ
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger