ရန်ကုန်၊
သြဂုတ် ၂၂---- ယနေ့မနက်ပိုင်း ၈နာရီခန့်တွင် အိုက်အောင်လွန်းထိုက် နှင့်သူငယ်ချင်းတို့
ဆိုင်ကယ်အတူစီးခဲ့ရာ နဝေဒေးရုပ်ရှင်ရုံအနီးတ၀ိုက်နှင့် မြောက်ဥက္ကလာပ၀န်းကျင်တွင်
မတော်တဆတိုက်ခိုက်မှုဖြစ်ပွားခဲ့သည်ဟု ပလက်ဝမြို့နယ်လူမှုရေးအသင်း၏ အတွင်းရေးမှူး
ဦးစိုးသိမ်းမှ အကြောင်းကြားခဲ့သည်။
ယခုအခါ
ဦးနှောက်နှင့်အာရုံကြောဆေးရုံတွင် ဆေးကုသလျှက်ရှိသည်။ ဆေးရုံကို ယနေ့မနက်
၁၁နာရီခန့်တွင် ရောက်ခဲ့သော်လည်း ဆေးရုံရောက်ချိန်အထိ အိုက် အောင်လွန်းထိုက်မှာ
သတိမေ့မျောဆဲအတိုင်းရှိနေခဲ့သည်။
“ထိခိုက်မှုအပြင်းထန်ဆုံးခံရတဲ့
ညာဘက်ခြမ်း လက်၊ခြေ၊ပါး နှင့် ပေါင်တွေမှာ ဒဏ်ရာတွနဲ့ နာကျင်မှုအဆိုးရွားဆုံးခံစားနေရတယ်လို့
သူသတိရတဲ့အခါပြောပြတယ်၊ ခေါင်းမှာလည်း ဒဏ်ရာနဲနဲရထားပါတယ်” ဟုဦးစိုးသိမ်းမှ
ရှင်းပြသည်။
အစိုးရဆေးတိုလှောင်ရုံတွင်အလုပ်လုပ်လျှက်ရှိသော
အိုက်အောင်လွန်းထိုက်သည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကက္ကူးဝရွာနေ
ဦးပြည်ကျော်၏သားဖြစ်ပြီး လက်ရှိတွင် ပလက်ဝမြို့နယ်လူမှုရေးအသင်းတွင်
နေထိုင်သူဖြစ်လေသည်။


Myanmar Kyat Converter
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။