၁၁ ရက်အရွယ် ကလေး အရေးပေါ် ခွဲစိပ်ကုသမှုခံရမည်

Friday, September 14, 20120 မှတ်ချက်


photo: Google
ကွမ်လာလမ်ပူ၊ စက်တင်ဘာ ၁၄----ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရီးမ၀ကျေးရွာ ရွာသား ဦး Hla Tun Aung ၏မွေးကင်းစ တတိယမြောက် သမီးလေး Kay Si Thun ကို လွန်ခဲ့သော စက်တင်ဘာ ၃ ရက်နေ့တွင် ကွမ်လမ်လန်ပူမြို့ရှိ Serdang ဆေးရုံ တွင် ကောင်းမွန်စွာ မွေးဖွားခဲ့သော်လည်း ယခုအခါ အသက်ရှုလမ်းကြောင်းပိတ်နေသောကြောင့် အရေးပေါ်ခွဲစိပ်ကုသမှု အမြန်ခံယူရမည်ဖြစ်သည်ဟု ခူမီးကွန်မြူနီတီမှ ကေအမ်ဂျီသို့ အကြောင်းကြားသည်။


ထိုသို့ ခွဲစိပ်မှုပြုလုပ်ရန် မလေး ရင်းဂစ် RM25000/ ကုန်းကျမည်ဖြစ်သည်။ မကြာသေးသော နေ့ရက်ကာလကမှ လူ့လောကသို့ ရောက်ရှိလာသော Kay Si Thun ၌ အသာဝါရောဂါ ခံစားနေရခြင်းကြောင့် မွေးဖွားချိန်မှ ယခုတိုင်ဆေးရုံတွင် နေနေရခြင်းဖြစ်သည်ဟု သိရှိရသည်။

"ကလေးအတွက် ယူအန်ကဒ်ကို ဒီနေ့ပဲ ရတာ။ အခုန လေးကပဲ ရုံးကနေ ထုတ်ယူလာတာပါ" ဟု ပြောပြသည်။
 
ဖခင်ဖြစ်သူ အိုက်လှထွန်းအောင်သည် မလေးရှားကို ၂၀၀၉ ခုနှစ်တွင် ရောက်ရှိခဲ့ပြီး ၂၀၁၀ခုနှစ်တွင် ယူအမ်ကဒ် ကိုင်ဆောင်ခွင့်ရထားသူဖြစ်သည်။ ယခုကိစ္စ၌လည်း လိုအပ်သော ငွေကြေးများကို ယူအန်မှ တာဝန်ယူပေးဖွယ်ရှိသည်ဟု ကြားသိရသည်။

Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger