ပလက်ဝမြို့နယ် လူမှုစီးပွားဖွံ့ဖြိုးရေးအကောင်အထည်ဖော်မှုအသင်း ဥက္ကဌ ဦးလှဝင်းနှင့် စကားပြောခြင်း

Sunday, September 23, 20120 မှတ်ချက်


U Hla Win

KMG - ဦးစွာ အဘရဲ့ မိဘ၊ မွေးဇာတိနှင့် မိသားစုအကြောင်း မိတ်ဆက်ပေးပါဦး။
ဦးလှဝင် - ဦးလှဝင်း(အဘ)ဦးဒုံးတလိ၊ (အမိ)ဒေါ်ထွန်တန့် ဖြစ်ပါတယ်။ ကက္ကူးဝကျေးရွာ၊ ဒလက်မေအုပ်စု၊ ပလက်ဝမြို့နယ်တွင် နေထိုင်ပါတယ်။
သား(၂)ဦးနှင့် သမီး)၄)ဦးရှိပါတယ်။


KMG - အရင်က ထမ်းဆောင်ဖူးတဲ့ လုပ်ငန်းတာဝန်အကြောင်းတွေကိုလည်း ဝေငှပေးပါဦး။
ဦးလှဝင်း - မြန်မာဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်တွင် မြို့နယ်အဆင့်တွင်
ဒုတိယအကြိမ်မှနောက်ဆုံးအကြိမ်ထိ မြို့နယ်လုပ်ငန်းစစ်ဆေးရေဒအဖွဲ့ဝင်၊ ဥက္ကဌနှင့် မြို့နယ် ပြည်သူ့ကော်စီဥက္ကဌတာဝန်များကို ထမ်းဆောင်ခဲ့ဖူးပါတယ်။

KMG – အဘရဲ့ နိုင်ငံရေးလုပ်ရှားမှု နှင့် လူမှုရေးလုပ်ရှားမှုအတွေ့အကြုံကို KMG စာဖတ်သူများကို သီခြားစီပြောပြစေချင်ပါတယ်။
ဦးလှဝင်း - နိုင်ငံရေးလှုပ်ရှားမှုတွင် ဗဟိုနိုင်ငံရေးအဆင့် နှင့် အခြားနိုင်ငံရေး သင်တန်းများကို တက်ရောက်ခဲ့ဖူးပြီး ပါတီအစိပ်တွင် အတွင်းရေးမှူး တာဝန်များကိုလည်း ထမ်းဆောင်ခဲ့ဖူးပါတယ်၊ လူမှုရေးလှုပ်ရှားမှုတွင် မြို့ဆင့်နှင့် အခြားသော အဆင့်များ ဘာသာရေးနှင့် လူမှုရေးကိစ္စတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ မြို့နယ်တောင်သူလယ်သမား ဥက္ကဌတာဝန်ထမ်းဆောင်ပြီး တတိယအကြိမ် ဗဟိုညီလာခံ ကိုယ်စားလှယ်ဖြင့် ပါဝင်ပြီး ဗဟိုအဆင့်တွင် သဘပတိအဖြင့် တာဝန်ထမ်းဆောင်ဖူးပါတယ်။

KMG - အခုလက်ရှိလုပ်ဆောင်နေတဲ့ လုပ်ငန်းနှင့် ထာဝန်တွေကိုလည်းသိပါရစေ။
ဦးလှဝင်း - ယခု ပလက်ဝမြို့နယ် လူမှုစီးပွားဖွံ့ဖြိုးရေးအကောင်အထည်ဖော်မှုအသင်းတွင် ဥက္ကဌ တာဝန်ကို ထမ်းဆောင်လျက်ရှိပါတယ်။

KMG - အခုဦးဆောင်ဖွဲ့စည်းထားတဲ့ ပလက်ဝမြို့နယ် လူမှုစီးပွားဖွံ့ဖြိုးရေး အကောင်အထည်ဖော်မှု အသင်းကို ဘယ်အချိန်တုန်းက ဘယ်လိုဦးတည်ချက်တွေနဲ့ ဖွဲ့စည်းထားတာပါလဲ။ ပြောပြပါဦး။
ဦးလှဝင်း - ၂၀၀၈-ခုနှစ် ကတည်းက ဤအဖွဲ့အစည်းကို ဦးစွာပထမပြည်ထောင်စု ခူမီးတိုင်းရင်းသားမျိုးနွယ်စုလူမှုဖူလုံးရေးအသင်း အနေဖြင့် စတင်ဖွဲ့စည်းခဲ့ပါတယ်။  

KMG - ဒီ ပလက်ဝမြို့နယ် လူမှုစီးပွားဖွံ့ဖြိုးရေးအကောင်အထည်ဖော်မှုအသင်းအနေနဲ့ ဘာတွေများ ဆောင်ရွက်ပြီးစီးပြီလဲ။ နောက်ပြီး ဆောင်ရွက်နေဆဲလဲ။ အဖွဲ့ဝင်ဘယ်နှစ်ဦးပါဝင်ပါသလဲ။
ဦးလှဝင်း - ဤအဖွဲ့အစည်းအနေဖြင့် အလုပ်အမှုဆောင်(၁၉)ဦးပါဝင်ပြီး ၂၀၀၉-ခုနှစ်၊ ပလက်ဝမြို့နယ်ရဲ့ စီးပွါးရေး လူမှုရေးနှင့် အခြားဋိပက္ခများကို ဖြေရှင်းဆောင်ရွက်လျက်ရှိပါတယ်။

KMG -  ယနေ့ချင်းနိုင်ငံရေးပါတီတွေနှင့် ချင်းနိုင်ငံရေးပုဂ္ဂိုလ်တွေအပေါ် အဘရဲ့အမြင်လေး ဝေငှပါဦး။
ဦးလှဝင်း - ယနေ့ချင်းနိုင်ငံရေးပါတီနှင့် နိုင်ငံရေး ပုဂ္ဂိုလ်များအပေါ် အဘအနေနဲ့ မည်သည့်ဝေဖန်သုံးသပ်၊အကြံပြုချက်များ လုံးဝဆန္ဒသဘောထားအမြင်ပြောပြ လိုခြင်းမရှိပါဘူး။

KMG - ယနေ့ခူမီး လွတ်တော်ကိုယ်စားလှယ်တွေအပေါ် ဘယ်လိုမြင်လဲ။ အားရကျေနပ်ပါသလား။ ဒါမှမဟုတ် ဒီထက်ဖြစ်စေချင်တဲ့ ဆန္ဒများ ရှိခဲ့ရင် သိပါရစေ။
ဦးလှဝင်း - ချင်းပြည်နယ်နှင့် လွှတ်တော်အဆင့်ဆင့်တွင် ပါတီဝင်သော ကိုယ်စားလှယ်များအားလည်း အဘရဲ့ဝေဖန်သုံးသပ်ချက်ကို မတင်ပြလိုပါဘူး။ အဘအနေဖြင့် နောင်ရွေးကောက်ပွဲမှာ အထူးသဖြင့် မိမိတို့ခူမီးလူမျိုးများအပေါ် သစ္စာစောင့်ထိမ်းပြီး အမျိုးသားနိုင်ငံရေးအမြင်ရှိတဲ့သူ၊ တိုင်းပြည်နှင့် နိုင်ငံအပေါ် သစ္စရှိ၊ စွမ်းစွမ်းအမံတာဝန်ထမ်းဆောင်နိုင်မည့် လးကောင်း၊လူတော်များကို တင်မြှောက်ပေးနိုင်ရန်အတွက် အစဉ်စိတ်အားထက်သန်လျက်ရှိကြောင်း ပြောလိုပါတယ်။
 

KMG -  ခူမီးစာပေနှင့် လူမျိုးအပေါ် အဘရဲ့အတွေးအမြင်လေးတွေလည်း သိခွင့်ရှိမယ်ဆိုရင် ဝေငှပေးပါဦး။
ဦးလှဝင်း - “စာပေမြင့်မှ လူမျိုးသင့်မည်”ဟူသော ဆောင်ပုဒ်ကို အလေ့ထားလျက် ခူမီးစာပေးမြင့်မားရေးအတွက် အစဉ်ဆောင်ရွက်သွားမည်ဟု သံဓိဠာန်ချလျက်ကြိုးစားဆောင်ရွက်သွားရန် ဝေငှလိုပါတယ်။
 
KMG - ချင်းအက်ဥပဒေပြင်ဆင်ရေးဆွဲတဲ့ ကော်မတီဝင်တစ်ဦးလို့လည်းသိရပါတယ်။ အဘသိသလောက် ချင်းအက်ဥပဒေနှင့် စပ်လျဉ်းပြီး KMG စာဖတ်သူတွေ သိသင့်သိထိုက်တာတွေ များပြန်ဝေငှပေးပါဦး။
ဦးလှဝင်း - ချင်းအက်ဥပဒေပြင်ဆင်ရေးဆွဲတဲ့ အဖွဲ့မှာ အဖွဲ့ဝင်ကော်မတီဝင်တစ်ဦးဖြစ်ပါတယ်။ ဥပဒေပြင်ဆင်တဲ့ နေရာမှာ ခေတ်ရဲ့တိုးတက်မှုနှင့် လိုက်လျော့ညီထေံတဲ့ ဥပဒေပေါ်ပေါက်ရန်အတွက် ကြိုးစားဆောင်ရွက်ရမည်သာဖြစ်ပါတယ်။ 

KMG -  လက်ရှိ ခူမီးတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆိုင်ရာလှုပ်ရှားမှုတွေအပေါ် အဘရဲ့ အမြင်ကဘာတွေများလဲ။
ဦးလှဝင်း - ယခုလက်ရှိပလက်ဝမြို့နယ် (ခူမီး) တိုးတက်မြင့်မားရန်အတွက် နိုင်ငံတော်ရဲ့ဆောင်ရွက်ပေးမှုနှင့် မိမိတို့အနေဖြင့်လည်း ကြိုးစားအားထုတ်ရမည်သာ ဖြစ်ပါတယ်

KMG - ရှေ့ဆက်ပြီး လုပ်ဆောင်ရမယ့် ကိစ္စတွေကိုလည်း ပြောပြပါဦး။
ဦးလှဝင်း - ရှေ့ဆက်ပြီး မိမိဦးဆောင်ဖွဲ့စည်းသည့် အသင်းအဖွဲ့ကို နိုင်ငံတော်၏ တရာဝင်အဖွဲ့စည်းဖြစ်အောင် (မှတ်ပုံတင်ရရှိအောင်) လုပ်ဆောင်ပြီး ဖွဲ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်အစဉ်ကြိုးစားနေပါတယ်။

KMG - တခြားကော ဘာများ ဖြည့်စွက်စရာရှိပါသလဲ။
ဦးလှဝင်း - KMG (Khumi Media Group) နိုင်ငံတော်၏ အသိမှတ်ပြု အသင်းဖြင့် ရရှိသည်အထိကြိုးစားပါလို့ ဖြည့်စွက်အကြံပြုချင်ပါတယ်။  ခုလို ကြိုးစားပြီး လုပ်ဆောင်တာ ကောင်းပါတယ်။ ဆက်လက်ကြိုးစားပါ။

KMG - Khumi Media Group ကနေ တဆင့် အဘအနေနဲ့ ခူမီးလူမျိုးနှင့် ပလက်ဝနယ်အတွက် မျှော်လင့်ချက်ကို  ပြောပြပါဦး။
ဦးလှဝင်း - အဘအနေဖြင့် မျော်လင့်သည်မှာ- အိန္ဒိယနှင့် မြန်မာလမ်းပြီးစီးပါက ပလက်ဝမြို့အနေဖြစ် အစစအရာရာတွင် ဒီ့ထက်မက တိုးတက်လာမယ်လို့မျော်လင့်ပါတယ်

Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger