KEC အတွက် ဆလိုင်းအိုက်ဇက်ခင်မှ Toshiba Lap Top လှူဒါန်း

Monday, September 24, 20120 မှတ်ချက်

Lap Top နှင့်အတူ ဆရာဟွေ့ဟောက်
ရန်ကုန်၊ စက်တင်ဘာ ၂၀---- ပြီးခဲ့သော စက်တင်ဘာ ၁၅ ရက်နေ့က Khumi Evangelical Church အတွက် Gender and development Initiative ၏ အမှုဆောင်ဒါရိုက်တာ ဆရာဆုလိုင်းအိုက်ဇက်ခင်မှ Toshiba အမျိုးအစား lap top ကွန်ပျူတာတစ်လုံးလှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ကွန်ပျူတာကို KEC ၏ အဖဆရာတော် Rev. Dr. Peter Hawi Hau မှ လက်ခံပြီး ကေအမ်ဂျီသို့ပြောသည်မှာ “ KEC ကိုလှူဒါန်းတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ အားလုံးက KEC ကို အဘက်ဘက်ကနေ ကူညီပံ့ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟူ၍ ဖြစ်သည်။


KEC အသင်းတော်ကို ၂၀၀၃ ခုနှစ် မေလ၃၀ ရက်နေ့တွင် တည်ထောင်ခဲ့ပြီး ယခုအခါ အသင်းသား/သူပေါင်း ၇၅၀ ကျော်ရှိလာပြီဟုလည်း သိရှိရသည်။

KEC ၏လက်အောက်တွင် သာသနာလုပ်ငန်းများအဖြစ် ကျမ်းစာကျောင်းသင်တန်း၊ မိဘမဲ့ကလေးကျောင်း နှင့် KEC မိခင်အသင်းဟူ၍ လုပ်ဆောင်လျှက်ရှိကြောင်း သိရှိရသည်။
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger