မိုးတွင်းအစောပိုင်း ကမ်းနားလမ်းတံတားမြေပြို

Tuesday, September 25, 20120 မှတ်ချက်



ပလက်ဝ၊ စက်တင်ဘာ ၂၅-----  မိုးတွင်းအစောပိုင်းတွင် မြေပြိုကျိုးကျမှု ဖြစ်ဖွားခဲ့သောကြောင့် ပလက်ဝ၊ကမ်းနားလမ်းရှိ တံတား ကျိုးကျပျက်စီးသွားခဲ့ကြောင်း နှင့် မိုးကုန်ပိုင်းတွင် ၄င်းတံတားအား ပြန်လည်ပြုပြင်နိုင်ဖွယ်ရှိကြောင်း သတင်းရရှိသည်။

လွန်ခဲ့သော ၂၀၁၂ ခုနှစ် နွေရာသီကာလများကာသာ တည်ဆောက်ခဲ့သော ပလက်ဝ ကမ်းနားလမ်းရှိ မြို့ပတ်တံတားတစ်ခုသည် ယခုနှစ် အစောပိုင်း မိုးတွင်းကာလတွင် မြေပြိုမှုကြောင့် ကျိုးကျခဲ့သည်ဟု သတင်းရရှိသည်။ အဆိုပါတံတားကို ပလက်ဝမြို့၊ စည်ပင်သာယာရေးမှ ဆောက်လုပ်ခြင်းဖြစ်ပြီး ပလက်ဝ ကမ်းနားလမ်းကို ဆက်သွယ်ထားသော တံတားဖြစ်သည်။


“မိုးတွင်းပိုင်းဆိုတော့ မြေတွေမြိုတတ်တယ်။ မြေတွေက မြေမာမဟုတ်လို့ အခုလိုကျိုးသွားတာ။ မိုးတွင်းပိုင်းဆိုတော့ မြို့တွင်းကနေပဲ သွားလာတာများပါတယ်။ မိုးကုန်ရင် ပြန်လည်ပြုပြင်ပေးမယ်လို့ထင်တယ်။ ဘာလို့လဲဆိုရင် ပွင်းလင်းရာသီမှာ ကမ်းနားလမ်းကိုပဲ အသုံးများလို့ပါ” ဟု ရိက္ခာရပ်ကွက်တွင် နေထိုင်သော ခူမီး အမျိုးသမီးတစ်ဦးမှ ပြောသည်။

ကမ်းနားလမ်းကို သဘောင်္ဆိပ်ကမ်းမှတောက်လျှောက်ဖေါက်လုပ်ခြင်းဖြစ်ပြီး ဖောက်လုပ်စဉ်က လူနေအိမ် ၂/၃အိမ်ခန့်ရွှေ့ပြောင်းပေးရခဲ့သည်ဟုဆိုသည်။ လမ်းဧရိယာထဲတွင်ပါဝင်သွားသော လူနေအိမ်များအတွက် နေရာအစားထိုးချပေးခဲ့သည်ဟုလည်း ပြောသည်။

ယခုလကုန်အောက်တိုဘာလတွင် အိန္ဒိယလူမျိုးများ စက်ယန္တယားများဖြင့် အိန္ဒိယ-မြန်မာ ကုလားတန်ရေးကြောင်းသယ်ယူပို့ဆောင်ရေး ဘက်စုံစီမံကိန်း ပလက်ဝဆိပ်ခံတံတားပြုလုပ်ရန် ရောက်ရှိလာမည်ဖြစ်ကြောင်းလည်း သတင်းရရှိသည်။

Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger