ချင်းပြည်နယ်၊ သစ်တောဝန်ကြီးဦးကျော်ငြိမ်းနှင့် ပလက်ဝခူမီးလူငယ်အသင်း ဥက္ကဌ တို့တွေ့ဆုံခြင်း

Monday, September 24, 20120 မှတ်ချက်



ချင်းပြည်နယ်အစိုးရအဖွဲ့၊သစ်တောရေးရာဝန်ကြီးဌာန ၀န်ကြီး ဦးကျော်ငြိမ်းနှင့်ဟားခါးမြို့ သို့ ရောက်ရှိလာသော ပလက်ဝမြို့နယ်ခူမီး လူငယ်အသင်း President ဦးစတီဗဲန်တို့သည် ၂၀၁၂ စက်တင်ဘာလ (၂၃)ရက် ညနေ ၃း၀၀နာရီမှ ၅း၀၀နာရီထိ ၀န်ကြီး၏နေအိမ်တွင် သီးသန့် သွား ရောက်တွေ့ဆုံလျက် ပလက်ဝမြို့၏ အရေးများတွင် ဆောင်ရွက် ပေးနေမူ အခြေ အနေများကို မေးမြန်း ခဲ့ပါသည်။

မေး ။ ။ မင်္ဂလာပါ ၀န်ကြီး၊ ၀န်ကြီး ခရီးထွက်တယ်လိုသတင်းရတယ်။ ဘယ်ကို ထွက်ပါလဲ။
ဖြေ ။ ။ ရန်ကုန်ကိုပါ။ ဒီမနက် ၈း၀၀နာရီမှ ရောက်လာဒါပါ။

မေး ။ ။ ခရီးရောက်မဆိုက် တော်တော်ပင်းပန်းမှာပဲ။ ကျနော်လည်းဟားခါးကို ညတုန်းကမှ ရောက်လာတာပါ။ ရောက်တုန်း ၀န်ကြီးနှင့် မေးမြန်းတွေ့ဆုံစရာလေးတွေ ရှိလိုလာခဲ့တာပါ။
ဖြေ။ ။ကောင်းတာပေါ့ ။ ဒီမှာ မိသားစုတွေလည်းကိုယ့်ဘက် ကလူတွေကိုသတိရနေတာ ။ ကျနော်ကတော့ ခရီးအမြဲထွက်တော့အိမ်သိပ် မကပ်ဖြစ်ဘူး။
ဦးကျော်ငြိမ်း

မေး။ ။ ဒါနဲ့ ၀န်ကြီးတို့မိသားစု ဒီမှာဘယ်နှစ်ယောက်နေကြလဲ။ အခက်ခဲတွေရော ရှိပါသလား။
ဖြေ။ ။ ၅ ဦးပါ။ အမျိုးသမီးရယ် သားနှင့် မြေး နှစ်ယောက် ရယ်နှင့်ပါ။ ကြီးကြီး မားမား အခက်ခဲရယ်လို့တော့မရှိပါဘူး။ ချင်းတွေ ဖြစ်ကြရက်နှင့်အချင်းချင်းစကား မ ပေါက်ကြတော့ နည်းနည်းအခက်ခဲရှိတယ်။ ဒီဘယ်က ချင်းစကားရလား လို့မေး တတ်ကြတယ် ချင်းစကားရပါတယ် ဟားခါးစကားမရတာပါ။ ခူမီးစကားလည်းချင်း စကားပဲလေ။(ရယ်လျက်) ကုန်ဈေးနုန်းတွေလည်း ပလက်ဝ ကထက် တဆ နီးပါး လောက်ဈေးကြီးတယ်။ နောက် ၃နှစ်တော့ သီးခံနေရတာပါ။ ကိုယ်ဒေသ အတွက်ပဲ။

မေး။ ။ဟုတ်ကဲ့၊ ဒါနဲ တိုင်းရင်းသား စာပေ သင်ကြားရေးနှင့် ပတ်သက်လို့ ခူမီးစာပေ သင်ကြားရေး ၀န်ကြီးရဲ့အမြင်နှင့် ဖြစ်စေချင်တာကို ပြောပေးနိုင်မလား။
ဖြေ ။ ။ စာပေနှင့် စကားဆိုတာ လူမျိုး တစ်မျိုရဲ့ ဖြစ်တည်မူ မှာ အင်မတန်အရေးပါ သလို စာပေနှင့် စကားဆိုတာလည်းခွဲလို့မရဘူး။ စာပေနှင့် စကားပျောက်ရင် သမိုင်း ပျောက်ပြီးပေါ့ သမိုင်းပျောက်မှတော့ လူမျိုးပျောက်သွားတာပဲ။ ဒါကြောင့် ပလက်ဝ မြို့နယ် မှာ ခူမီးစာပေကို သင်ကြားဖို့ ပြည် နယ်အစိုးရအနေနှင့် ခွင့်ပြု ထားပါတယ်။ ဒေသ ခံများအနေနှင့် စာပေ သင်ရိုး ညွန်းတမ်းကို Grade 1- V အထိ ဖြည့်စွက်ပြ ဋ္ဌာန်းဖို့ လိုပါမယ်။ သင်ရိုးညွန်းတမ်း ရေးဆွဲရေးကော်မတီ ကို ဖွဲ့စည်းပြီးပြင်ဆင်ဖြည့် စွက်ဖို့ လိုမှာပေါ့။ ရန်ကုန်ခူမီးစာပေနှင့်ယာဉ်ကျေးမှု ကော်မတီကနေ ရေးဆွဲနေပြီးလို့ သိရပါတယ်။ ပလက်ဝ စာပေနှင့်ယာဉ်ကျေးမှုကော်မတီ တို့ ညှိနိုင်းရေးဆွဲကြရင် ပိုပြည့်စုံမှာပေါ။

မေး ။ ။သတင်းကောင်း အနေ နှင့် မတူပီ -ပလက်ဝ ကားလမ်းစနေ ပြီးလိုသိရပါတယ်။ ဒီတော့ State High Way စီမံကိန်း အနေနှင့်လား။ နောက် ပလက်ဝ နယ် မှာတခြားလမ်းဖောက် လုပ်ရေးစီမံကိန်းများရော့ ရှိပါသေးလား။
ဖြေ။ ။ ချင်းပြည်နယ်မြို့နယ် တော်တော်များများ မြေနီလမ်းအဆင့်ကားလမ်း ပေါက် နေကြပါပြီး။ မိုးရာကလွဲလို့ သွားလာဖို့တော်တော်အဆင်ပြေလာပါတယ်။ ပလက်ဝ အထိလည်း စီမံကိန်း စလာပြီး ဆိုတော့ State High Way စီမံကန်းအနေနှင့် မဟုတ် ရင်တောင် အလိုလိုနေ ရင်း ဖြစ်လာမှာပါ။ အစိုးရ ဘက်က လည်း အားသွန်ခွန်စိုက် ဆောင် ရွက်ပေးနေပါတယ်။ ပလက်ဝနယ်မှာနောက်ထပ် ရေဇွာ- လိုင်းလှိုင်းပီ-ပထိန်တလန်- ရှင်းလက်ဝ စီမံကိန်းရှိပါတယ်။ နောက်တင်ပြထားတာရှိသေးတယ်

ကြာအုံးမယ်ထင်တယ်။ ကန်ပလက်-ချင်ဘောင်-ကာနန်- ထိုးနိုး-ရွှေတောင်- သံထောင် -ဆမီး စီမံကိန်းနှင့် ပလက်ဝ- ခ၀ဲ လမ်းဖေါက်လုပ်ရေး စီမံကိန်းတွေပေါ့။

မေး ။ ။ ပလက်ဝမြို့နယ်မှာ ကျေးရွာ(၄၀၁)ရှိနှင့် အုပ် (၉၇)အုပ်စု ရှိပါတယ်။ လျပ်စစ်မီးတွေ မရကြဘူး။ မြို့ပေါ်မှာလည်း ၂နာရီပဲရတယ်။ ဒေသခံတွေက အနည်းဆုံး(၃)နာရီ လောက် ပေးဖို့တင်ပြထားတာရှိတယ်။ ဒီအပေါ်မှာ အစိုးရအဖွဲ့အနေနှင့် ပံ့ပို့ဖို့ အစီစဉ် တွေများရှိပါသလား။
ဖြေ။ ။လက်ရှိ ကျေးရွာ (၁၀)ရွာ အတွက် လျပ်စစ်မီးရရှိရေး ပံ့ပို့ငွေများပို့ပေးပြီးပြီလို သိရပါတယ်။ မီးလင်းရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဌ နှင့် မြို့နယ်လျှပ်စစ်မှူးက အတွင်းရေးမှူး ပါ။ တာဝန်ရှိသူများကနေ သေချာ ဆောင်ရွက် ပေးသွားပါလိမ့်မယ်။ မြို့ပေါ်အတွက်လည်း အောက်တိုဘာလကစပြီး တစ်ညမှာ (၃) နာရီမီးရရှိရေးအတွက် ပံ့ပို့ ဖို့အစီအစဉ်ရှိတယ်လို့သိရပါတယ်။တစ်ည အတွက် ဆီ (၁၀) ဂါလံနှုန်း ပေးထားမှာပါ။

မေး။ ။ ချင်းပြည်နယ်နှင့်ထိစပ် လျက်ရှိတဲ့ တိုင်းဒေသကြီးများနှင့် နယ်နမိတ်တွင် နယ်နမိတ် Sign Broad ကြီးများတွေ့ရတတ်ပါတယ်။ ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ် နယ်နမိတ် မှာရော့ ဘာလို့မရှိရတာလဲ။ ရှိသင့်တယ်လို့ရောယူဆပါသလား။
ဖြေ။ ။ ရှိသင့်တယ်လို့ထင်ပါတယ်။ လောလောဆယ် ဆက်သွယ်ရေးလမ်းကြောင်း အရ မလုပ်ဖြစ်သေးတာနေမှာပါ။ ၀န်ကြီးချုပ်အနေနှင့်လည်းဒါကို စဉ်းပြီးဖြစ်ပါလိမ့်မယ်။ ကျနော်လည်း ၀န်ကြီးများအစည်းအဝေးကျရင် တင်ဖို့အစီအစဉ်ရှိပါတယ်။

မေး ။ ။ ပလက်ဝနယ်မှာအစိုးရကျောင်း ၂၀၇ကျောင်းရှိတယ်လို့သိရပါတယ်။ ချင်းပြည်နယ် မှာအများဆုံးပေါ့။ ဒါပေမဲ့ ပညာရေးကဏ္ဍမှာ အထူးသဖြင့် ဆယ်တန်း အောင်မှုမှာ အနိမ့်ဆုံးဖြစ်နေတာနှင့် နယ်ကကျောင်းသား/သူတွေမြို့ရောက်တော့ တော်တော်များ များစာမလိုက်နိုင်ကြဘူး ဒီအပေါ်မှာဝန်ကြီးရဲ့အမြင်ကို(ကျောင်းဆရာအငြိမ်းစား တစ်ဦးအနေဖြစ်)ဖြေကြားပေးနိုင်မလား။
ဖြေ။ ။ကျောင်းသားမိဘများရဲ့ ပူးပေါင်းပါဝင်မှုအထူးလိုအပ်ပါတယ်။ ထို့အတူ ကျောင်းဆရာ/ မများ၏ စေတနာ အပေါ်မှာလည်းအများကြီးမှုတည်လိမ့်မယ်။ ဒီလိုနှစ်တိုင်းအောင်ချက်ကျဆင်းနေတာနဲ့ အရည်အချင်း မရှိဖြစ်နေတာကတော့ ဖြစ် တခုခု ဟာကွက်ရှိ နေလို့ပဲ။ သက်ဆိုင်ရာတွေက သတိထားအဖြေရှာသင့်ပြီလို့ယူဆတယ်။ ဘာကြောင့် ဆိုတာတွေပေါ့…

မေး။ ။ ခုပလက်ဝနယ်မှာ ကျွန်းခင်းတွေ တပိုင်တနိုင်စိုက်နေကြတယ်။ တချို့က ဦးပိုင် (သို့)မြေ ဂရမ် မရှိဘူးဆိုတော့ ဘယ်လိုနေမလဲ စိုးရိမ်နေသူတွေလည်းရှိတယ်။
ဖြေ။ ။ ဒါတော့ စိုးရိမ်းစရာမလို့တော့ပါဘူး။ ခု ဒီမှာတောင် အစိုးရ ၀န်ကြီးတွေလည်း ဧက ၃၅၀လောက်စိုက်မယ်လို့ပြောနေကြတယ်။ မြေ ဂရမ်ရရှိအောင်လည်း ဆောင်ရွက် ပေးမှာပါ။ အစိုးရကြိုးဝိုင်းထဲမှာတော့သွားမစိုက်မိစေနှင့်ပေါ့။အစိုးရကို ၁၀ရာခိုင်နှုန်း တော့ သွင်းရမယ်။

မေး။ ။ ပလက်ဝမှာ လူငယ်အသင်းကိုဘာများ မှာချင်ပါသလဲ။
ဖြေ။ ။ ခုအစိုးရကလည်းအရပ်ဘက်လူမှုအဖွဲ့အစည်းတွေ အင်းအားကောင်းဖို့ တာဝန်သိ တတ်တဲ့ ဒီမိုကရေစီနိုင်ငံသားကောင်းတွေ ဖြစ်စေချင်ပဲ။ ချင်းပြည်နယ်မြို့နယ် တိုင်းမှာ လည်းလူငယ်အဖွဲ့တွေ့ရှိတယ်။ သာရေးနာရေး များမှာ အဓိက တာဝန်ယူတာများတယ်။ ခေတ်လူငယ်တွေဒေသအကျိုးကို တစ်ဘက်တစ်လမ်းကနေ သယ်ပို့နေကြတဲ့သဘောပေါ့။ အားပေးပါတယ်။

မေး ။ ။ ပလက်ဝနယ်မှာ ဒီနှစ်အတွင်းဝန်ကြီး ခရီးစဉ်တွေရှိပါသလား။
ဖြေ ။ ။ တိကျ တော့မဟုတ်သေးပေမဲ့ အောက်တိုဘာလောက်ဆိုရင် ၀န်ကြီးချုပ်အပါအ၀င် ပလက်ဝခရီးစဉ်ရှိလောက်တယ်။

မေး။ ။ ခုလို ဖြေကြားပေးတဲ့အပေါ်အထူးကျေးဇူးတင်ရှိပါတယ်။
ဖြေ ။ ။ ကျနော်လည်း ကျေးဇူးပါတယ်။

တွေ့ဆုံ မေးမြန်းသူ
ဦး စတီဗဲန်
PRESIDENT,KYA
ပလက်ဝမြို့
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger