ခူမီးစာပေနှင့်ယဉ်ကျေးမှုပြက္ခဒိန်ဝယ်ယူရရှိနိုင်ပါပြီ

Thursday, November 08, 20121မှတ်ချက်



ပလက်ဝ၊ နိုဝင်ဘာ ၉--- ၂၀၁၃ခုနှစ်အတွက် ထုတ်ဝေသော ခူမီးစာပေနှင့်ယဉ်ကျေးမှုပြက္ခဒိန် ၀ယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

ယခုနှစ်ထုတ်သော ၂၀၁၃ခုနှစ်အတွက် ခူမီးစာပေနှင့်ယဉ်ကျေးမှုပြက္ခဒိန်ကို ခူမီးလူငယ်များအသင်း (KYA)မှ တာဝန်ယူ ထုတ်လုပ်ခြင်းဖြစ်သည်။

ပြက္ခဒိန်ဝယ်ယူလိုသူများအတွက် “တစ်စောင်ကို ကျပ်ငွေ ၁၀၀၀နှင့် Khumi Youth Association ကနေ ကော်မတီရဲ့အစည်းအဝေးမှာ ဆုံးဖြတ်တဲ့အတိုင်း ရောင်းချပေးသွားမှာပါ။ ရန်ကုန်မှာ ၀ယ်ယူချင်သူတွေအနေနဲ့ အိုက်ပီတာလွယ်လူးဆီမှာ အစောင်ရေအနည်းငယ်ထားပေးပါတယ်။ သူ့ဆီမှာဝယ်ယူနိုင်ပါတယ်”   ခူမီးလူငယ်များအသင်း၏ အတွင်းရေးမှူး ဦးဝှေ့တင်းမှ ခူမီးမီဒီယာသို့ပြောသည်။

“အစောင်ရေ ၁၀၀၀ ထုတ်ထားတယ်။ အစောင်တစ်ထောင်စလုံး ပလက်ဝဘက်ကိုပို့ပေးထားတယ်။
အပိုလက်ဆောင်နဲနဲထုတ်တဲ့ဟာတွေကို ရန်ကုန်မှာ ရောင်းပေးမှာပါ” ဟုအိုက်ပီတာလွယ်လူးမှပြောသည်။

ပလက်ဘက်သို့ နိုဝင်ဘာ ၆ ရက်နေ့ေ၇ွှကံ့ကော်ကားဂိတ်ဖြင့်ပို့ပေးပြီးဖြစ်ပြီး ၃-၄ ရက်အတွင်း ပလက်ဝနယ်ရှိ ရပ်မိရပ်ဖများဝယ်ယူနိုင်တော့မည်။

မျက်နှာဖုံးတွင် ပလက်ဝမြို့ကို ကုလားတန်အရှေ့ဘက်ကမ်းမှ ရိုက်ထားသည့်ပုံကိုဖော်ပြပြီး၊ မင်္ဂလာပါပလက်ဝမြို့ ဟူသောဆိုင်းပုဒ်ဘေးတွင် ခူမီးမော်ဒဲလ် ၂ယောက်ဘယ်ညာရပ်ထားသည်။ မျက်နှာစာဘေးတ၀ိုက်တွင် ပလက်ဝနယ်မှ အထင်ကရရှိသော နေရာများကိုဖော်ပြထားသည်။

အတွင်းစာမျက်နှာအပြင်အဆင်တွင် ပုံမှန်သာပြင်ဆင်မည်ဖြစ်ပြီး အင်္ဂလိပ်၊မြန်မာ၊ ခူမီးစာတမ်းများဖြင့် နေ့ရက်အမည်များကို ဖော်ပြထားသည်။


Share this article :

+ မှတ်ချက် + 1 မှတ်ချက်

Anonymous
9 November 2012 at 00:54

KYA kamkawm manber bawibawi chi te angpo tameuh my awm hai jojo sy ba. Hinai kamta KYA kamkawm chi atho sa u nai kavui py khri amoh theu, atho nga prai nai tla.
Kanneth. Ai Hawi Sau

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger