ပလက်ဝ၊
ဇန်န၀ါရီ ၃ --- ချင်းပြည်နယ်၊ ပလက်ဝနယ်၏ နှစ်ပေါင်းအနည်းငယ်အတွင်း အဓိကစီးပွားရေးတစ်ခုဖြစ်လာခဲ့သော
ဝဥ အရောင်းအ၀ယ်ဈေးကွက်မှာ ယခုတလော ကျဆင်းလျက်ရှိကြောင်း သိရှိရသည်။
ဆေးစားဂမုန်းမှာ အခုတလောအထိ အ၀ယ်မလိုက်ဖြစ်နေပြီး တစ်ချို့ စီးပွားရေးလုပ်ငန်းရှင်များကမူ ၂၅ ပိဿာဝင် တစ်မောင်းလျှင် ကျပ် (၈၀၀၀)ဖြင့် အနည်းအကျဉ်း ပေးဝယ်လျက်ရှိကြောင်း ဆိုသည်။
ခူတေဇ
ပလက်ဝနယ်တွင်
ယခင်က ၀ဥခြောက်ဈေးကောင်းကောင်းဖြင့် ပေးဝယ်သော်လည်း အခုတလောတွင် အရောင်းအ၀ယ်
မလိုက်သောကြောင့် ၀ဥကိုမှီခိုအားထားစိုက်ပျိုးသူ ဒေသခံများအနေဖြင့် တွက်ချေမကိုက် ဖြစ်နေရသည်။
“အရင်လတုန်းက
ဝဥခြောက်တစ်ပိဿာမှာ ကျပ် (၅၀၀၀) ခန့်ရှိရာကနေ အခုဆိုရင် ကျောက်တော်မှာ တစ်ပိဿကို
ကျပ် (၂၅၀၀) ၀န်းကျင်ပဲ ရှိတော့တယ်လို့ သိရပါတယ်” ဟု ၀ဥရောင်းသူ ဦး ထင်းရိုက်မှ
ပြောသည်။
ဆေးစားဂမုန်းမှာ အခုတလောအထိ အ၀ယ်မလိုက်ဖြစ်နေပြီး တစ်ချို့ စီးပွားရေးလုပ်ငန်းရှင်များကမူ ၂၅ ပိဿာဝင် တစ်မောင်းလျှင် ကျပ် (၈၀၀၀)ဖြင့် အနည်းအကျဉ်း ပေးဝယ်လျက်ရှိကြောင်း ဆိုသည်။
“နှမ်းဈေးကတော့
တစ်တောင်းမှာ ကျပ် ၁၄၀၀၀ ၀န်းကျင်ဖြင့် ပေးဝယ်လျှက်ရှိပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ဒေသအခေါ် တစ်တောင်းဆိုသည်မှာ နို့ဆီဗူး ၅၂ ဗူးဝင်သော တောင်း တစ်တောင်းစာပင် ဖြစ်သည်။
ချင်းပြည်နယ်၊
ပလက်ဝနယ်အတွင်းရှိ ပြည်သူပြည်သားများမှာ စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်၍
အသက်မွေးဝတ်ကျောင်းပြုလျှက်ရှိပြီး ရာသိအလိုက် ရွှေ့ပြောင်းတောင်ယာ၊ မြေပဲခင်း၊
နှမ်းခင်း၊ ပဲအမျိုးမျိုး၊ စပါး ၊ ငရုပ် ၊ ဂမုန်း၊ နနွင်း၊ ဂျင်း ၊ ပြောင်း စသဖြင့်စိုက်ပျိုးကြသည်။
နှစ်ရှည်ပင်များအဖြင့်လည်း ငပျော၊ သရက်၊ လိမ္မော်၊ နာနတ်၊ ဒညင်း၊ ၀ဥ နှင့်
အခြားအခြားသော စိုက်ပျိုးရေးကိုလည်း လုပ်ကိုင်ကြသည်။
မြို့နယ်တစ်နယ်လုံးအတိုင်းအတာပင်
အဆိုပါစိုက်ခင်းတစ်ခုခုကို မိသားစုတိုင်းလိုလို လုပ်ကိုင်လျှက်ရှိသည်။
ပလက်ဝမြို့ပေါ် ဌါနဆိုင်ရာ အကြီးအကဲမိသားစုဝင် နှင့်
စီးပွားရေးလုပ်ငန်းရှင်များမှအပ စိုက်ပျိုးရေးကို မဖြစ်မနေလုပ်ကိုင်လျှက်ရှိရာ ယခုကဲ့သို့
ဝဥနှင့် ဂမုန်းဈေးကွက် မငြိမ်မသတ် မကောင်းရခြင်းမှာ ဒေသခံများအတွက် သောကရောက်ရမည့်
အချိန်ကာလတစ်ခုဟုလည်း ဆိုနိုင်သည်။
ခူတေဇ


Myanmar Kyat Converter
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။