ရန်ကုန်၊
ဇန္န၀ါရီ ၃ --- ခူမီးမီဒီယာအတွက် အခကြေးငွေဖြင့် အသုံးပြုရသော မူပိုင်ဝတ်ဆိုဒ်ကို မကြာခင်
အသုံးပြုရတော့မည်ဖြစ်သည်။
ယခုလက်ရှိတွင်
ခူမီးမီဒီယာ၏ Blogspot ယာယီ ၀တ်ဆိုက်မှာ အခကြေးငွေပေးဆောင်စရာမလို Free ၀တ်ဆိုက်ဖြစ်၍
လုံခြုံစိတ်ချနိုင်မှုအားနည်းလျှက်ရှိသည့်အပြင် မိမိတို့လိုချင်သော ပုံဖော်၍မရ၊ ၀င်ဆံ့မှု
အကန့်အသတ်ရှိခြင်းတို့ကြောင့် သုံးရအဆင်ပြေသော်လည်း အခပေးငွေဆောင်ရသော
မူပိုင်ဝတ်ဆိုက်လောက် မကောင်းပေ။
မူပိုင်ဝတ်ဆိုက်၏လိပ်စာမှာ
www.khumimediagroup.com ဖြစ်သည်။
လောလောဆယ်တွင် ဒီဇိုင်းများဆွဲခြင်းနှင့် ယခင် Blogspot မှ
data များကိုပြောင်းရွှေ့ရန်ကြိုးစားနေဆဲဖြစ်ပြီး
အဆိုပါ မူပိုင်ဝတ်ဆိုက်အား မလေးရှားနိုင်ငံတွင် အခြေချအလုပ်လုပ်ကိုင်သော
ခူမီးမျိုးချစ်ပုဂ္ဂိုလ် အိုက်လွင်လွင် မှ ၅နှစ်စာလှူဒါန်းခဲ့ခြင်းဖြစ်သည်။
“မူပိုင်ဝတ်ဆိုက်လိုချင်တာကြာပြီ။
အခုမှပဲ မလေးရှားက ကိုလွင်လွင်ရဲ့ကူညီမှုနဲ့ မကြာခင်
မူပိုင်ဝတ်ဆိုက်သုံးနိုင်တော့မှာပါ။ စာဖတ်သူတွေအနေနဲ့လည်း ပိုပြီး
အဆင်ပြေလိမ့်မယ်။ အခုလိုကူညီတဲ့အတွက်လည်း အတိုင်းမသိ ကိုလွင်လွင်ကို
ကေအမ်ဂျီအနေနဲ့ ကျေးဇူးတင်ပါတယ်” ကေအမ်ဂျီ၏ Circulating Manager ဖြစ်သူ
ကိုအိုက်ဇက်ကျော်ထွန်းလှမှပြောသည်။
“အရင်က
ခူမီးလူမျိုးနှင့်ပတ်သက်တဲ့သတင်းတွေ၊ ပလက်ဝနယ်ကသတင်းတွေကို အမြဲကြားခွင့်၊
သိခွင့်မရနိုင်ခဲ့ပါဘူး။ အခုတော့ ခူမီးမီဒီယာကနေ အမြဲရေးသားပေးတဲ့အတွက်
ကြားသိနိုင်ရတယ်။ ခူမီးမီဒီယာဟာ ခူမီးလူမျိုးအတွက် အင်မတန်
အရေးပါတဲ့အဖွဲ့ဖြစ်တဲ့အတွက် ကျွန်တော်တတ်နိုင်သလောက် ကူညီနေတာပါ” ဟု အလှူရှင်
ကိုလွင်လွင်မှပြောသည်။
ခူမီးမီဒီယာအဖွဲ့သည်
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၏ ဖြစ်ရပ်သတင်းများကို အဓိကထား
ဖော်ထုတ်ပေးသော သတင်းမီဒီယာအဖွဲ့တစ်ဖွဲ့ဖြစ်သည်။ ခူမီးမီဒီယာအား ၂၀၁၂ခုနှစ်
ဖေဖေါ်ဝါရီ ၁၁ ရက်နေ့က ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိအခြေအနေအရ အင်တာနက် သတင်းမီဒီယာတစ်ခုအဖြစ်သာ
ရပ်တည်လျှက်ရှိသော်လည်း မကြာမီနေ့ရက်များတွင် Press မီဒီယာအဖြစ်ထုတ်ဝေရန်
အစီအစဉ်ရှိကြောင်း အမှုဆောင် အိုက်ဂျိမ်းဆန်းအောင်မှ ပြောသည်။
လက်ရှိခူမီးမီဒီယာဝိုင်းတော်သားများသည်
ကိုယ်ကျိုးစွန့် စေတနာသန့်သန့်ဖြင့် ပလက်ဝပြည်သူ့အကျိုးဆောင်ရွက်နေခြင်း
ဖြစ်ကြောင်း သိရှိရသည်။



Myanmar Kyat Converter
+ မှတ်ချက် + 1 မှတ်ချက်
သိပ်ကောင်းတာပေါ့ဗျာ ....
.com လူဒါန်းသူကိုလဲ ကျေးဇူးတင်ပါတယ် မြန်မြန်သာ လုပ်ကြတော့ဗျာ ..
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။